It just gets loud sometimes
"နင်၀လာလိုက်တာနော်"
"နင် English လိုပြောတာပီလည်းမပီဘူး"
"အစားများများစားဦး...လေတိုက်ရင်တောင်လွင့်ပါသွားဦးမယ်"
.....
.....
ကျွန်တော်တို့တွေကကိုယ့်ကိုယ်ကိုသတိမထားမိပေမယ့်သူများတွေရဲ့အားနည်းချက်နဲ့ပတ်သတ်ပြီးလွယ်လွယ်ဝေဖန်တတ်ကြပါတယ်။
ဝေဖန်တဲ့သူကသာသတိမထားမိပေမယ့်ဝေဖန်ခံရတဲ့သူအတွက်ကတော့သူတို့ရဲ့အားနည်းချက်နဲ့ပတ်သတ်ပြီးစိတ်မလုံခြုံမှု "insecurity" ဟာအရင်ကမရှိခဲ့ရင်ရှိလာ၊ရှိပြီးသားဆိုပိုပြီးကြီးထွားလာပါတယ်။
ပိန်တဲ့သူတစ်ယောက်ကအရမ်းပိန်တယ်နော်လို့အပြောခံရတာများလာရင်အင်္ကျီပွပွ၊ဘောင်းဘီပွပွကြီးတွေမ၀တ်ဘဲအပြင်မထွက်ရဲတော့တာမျိုး၊စကားမပီလို့အလှောင်ခံရတဲ့သူကလူအများရှေ့မှာစကားမပြောရဲတော့တာမျိုး။
ဒါတွေက insecurity ကြောင့်ဖြစ်လာတာပါ။အဲ့ဒီ insecurity ကလူတွေရဲ့ criticism ကြောင့်ဖြစ်လာတာပေါ့။
လူတွေရဲ့ဝေဖန်မှုကိုခံနိုင်ရည်ကလူတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။တစ်ချို့ "I don't give a fuck" ဆိုတဲ့သူတွေအတွက်မပြောပလောက်ပေမယ့်တစ်ချို့သူတွေအတွက်ကတော့ညအိပ်မပျော်တဲ့အထိ nightmare တစ်ခုဖြစ်နေတတ်ပါတယ်။
အဲ့လိုဆိုပေမယ့် "I don't give a fuck" ဆိုတဲ့သူတွေတောင်ဝေဖန်ခံရတာများလာတဲ့အခါအဲ့ဒီဝေဖန်သံတွေကဆူညံလာတတ်ပါတယ်။ "sometimes, it just gets loud" ပေါ့။
တစ်ဖက်လူကဘာရည်ရွယ်ချက်မှမပါဘဲပြောတယ်ဆိုပေမယ့်အပြောခံရတဲ့သူအတွက်တော့အပြင်းအထန်တိုက်ခိုက်ခံရသလိုခံစားရနိုင်ပါတယ်။
အဲ့ဒါကြောင့်ကိုယ်ကဘာစိတ်နဲ့မှမဟုတ်ဘူးဆိုပေမယ့်သူများကိုဝေဖန်တော့မယ်ဆိုရင်တစ်ဖက်သူကဘယ်လောက်ပဲခံနိုင်ရည်ရှိတဲ့သူဖြစ်ပါစေ၊ကျွန်တော်တို့သတိထားပြီးပြောရပါမယ်။
ဘာလို့ဆို "it just gets loud sometimes"

Comments
Post a Comment